Thursday, December 10, 2009

ထို့ပြင် ၀ါသနာတူ လုပ်ဖော်ကိုင်ဖက်တို့၏ စီးပွားရေးအမြင်များကိုလည်း သိရှိနိုင်သည်။

ကွန်ယက်ပန်းတိုင်

ကွန်ယက်အဖွဲ့အစည်းတစ်ခုနှင့် ဆက်သွယ်ခြင်းဖြင့် အရာအားလုံးပြီးပြည့်စုံသွားပြီလို့ ဆိုနိုင် ပါတယ်။ သင်အလုပ်အကိုင်ရှာနေပါသလား၊ လုပ်ငန်းအသစ်တစ်ခု တည်ထောင်ချင်ပါသလား၊ ဆက်သွယ်ရေး နယ်ပယ်ချဲ့ထွင် ချင်ပါသလား၊ အလုပ်ရုံတွင် လူတော်တစ်ယောက်ဖြစ်လိုပါသလား။ ထိုအရာအားလုံးကို ကွန်ယက်အဖွဲ့အစည်းတစ်ခုထဲ၌ ပင်ရရှိနိုင်သည်။ သင့်ကိုအပြန်အလှန်ဆွေးနွေးပေးမည့်သူ (သို့) သင်ပြော သမျှကို လက်ခံနားထောင်ပေးမည့်သူများအား ရွေးချယ်နိုင်သည်။ ထိုအဖွဲ့အစည်း၌ ပုံမှန်တက်ရောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတွေ့အကြုံအစစ်အမှန်ကို ရရှိမည်ဖြစ်သည်။

သင့်ဆန္ဒနှင့် ကိုက်ညီမည့်အဖွဲ့အစည်းတစ်ခုကို ရွေးချယ်လိုက်လျှင်လိုက်ခြင်း ထိုအဖွဲ့အစည်းတွင် ကိုယ့်သဘောနှင့် ကိုယ်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သင်၏အသိဥာဏ်ကို တိုးတက်စေပါတယ်။ အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော The Jennings Company ၏အကြီးအကဲ Kathleen Jenning က ‘ကွန်ယက်ဆက်သွယ်ရေးသည် သင်သိသောအရာမဟုတ်၊ သင့်ကိုသာသိသောအရာဖြစ်သည်’ ဟုဆိုသည်။ အလုပ်အကိုင်ကွန်ယက်များဖြင့် ဆက်သွယ်နိုင်ခြင်း၊ လုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်သူများ၏ မိန့်ခွန်းပြောကြား ချက်များအား နားဆင်နိုင်ခြင်း၊ အလုပ်အကိုင်များတွေ့ရှိနိုင်ခြင်း (သို့) သင်လိုချင်သော ကုမ္ပဏီမှ သင့်အား အလုပ်ခန့်အပ်လိုက်ခြင်း စသောအကျိုးကျေးဇူးများစွာရရှိပါသည်။ ထိုကွန်ယက်အဖွဲ့အစည်းများကို မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပြည်တွင်းသတင်းစာ၏ စီးပွားရေး
ကဏ္ဍတွင်ဖတ်ရူခြင်း (သို့) စီးပွားရေးဂျာနယ်များတွင် ဖတ်ရူခြင်းဖြင့်လည်း ရှာဖွေနိုင်သည်။ ကွန်ယက်ဆက်သွယ်ရေးအဖွဲ့ နှင့်ပတ်သက်သော web site များကိုလည်း ရှာဖွေနိုင်ပါတယ်။ ဒီအချက်အလက်များ ကိုသာ သင်ရရှိထားမည်ဆိုလျှင် ဧည့်သည်အဖြစ်သွားမည့် အစည်းအဝေးခန်းထဲတွင် ကိုယ့်ကိုယ်ကိုမိတ်ဆက်စွမ်းရှိသွားပြီး မိတ်ဆွေအဖွဲ့သားများအတွက်လည်း အမြဲလိုလိုမေးခွန်းများပြင်ဆင်ပြီး ဖြစ်ပါလိ့မ်မယ်။

ကွန်ယက်အဖွဲ့အစည်းများ၏ စည်းဝေးပွဲကိုတက်ရောက်ရာတွင် Internet သည်အကောင်းဆုံး လက်နက်ပင်ဖြစ်သည်။

- သင်ရှာလိုသောနာမည်ကို Search engine တွင်အလွယ်ရှာဖွေနိုင်သည်။
- သင့် ထံတွင်ရှိသော စိတ်ဝင်စားဖွယ်ဆောင်းပါးများအား forward လုပ်၍ပေးနိုင်သည်။
- ဆက်သွယ်ရေး သတင်းအချက်အလက်များကိုလည်း email ပို့၍ပေးနိုင်သည်။
- အဖွဲ့၏ message board ပေါ်တွင်ရှိသော request များအား ပြန်လည်ဖြေကြားပေးနိုင်သည်။

မဆင့်လျော်သော (သို့) မလိုလားအပ်သော email ပို့ခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့် Internet ကွန်ယက် သည် အကောင်းဆုံးလမ်းတစ်ခုဖြစ်လာလိမ့်မည်။

အရင်ဆုံးနားထောင်ပါ

ကွန်ယက်ဆက်သွယ်ရေးစနစ်တွင် အခြားသူများပြောတာကို အရင်ဆုံးအာရုံစူးစိုက်ခြင်းသည် အကောင်းဆုံးအနားယူမှု တစ်ခုဖြစ်သည်။ ဤနည်းလမ်းသုံးခြင်းအားဖြင့် ဆက်သွယ်ရေးအမြင်များ၊ ဆက်သွယ်ရာ တွင်ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ ကွန်ယက်ဆက်သွယ် ရေးအဖွဲ့အစည်းများသည် Business Card များစုစည်းခြင်းမဟုတ်ပါ။ မှန်ကန်သော နည်းလမ်းတွေကိုသာ စုစည်းနေခြင်းဖြစ်သည်။

သတင်းအချက်အလက်များပေါ်တွင် အမှီလိုက်နိုင်ကြပါစေ။ သင့်ရဲ့ လုပ်ငန်းသည်လည်း အသိအမှတ်ပြုခြင်း ကို ခံရမည်ဖြစ်သည်။ သင်၏ကြိုးစားမှုများသည် ရောင်ပြန်ဟပ်လာပြီး စီးပွားရေး လုပ်ငန်း လည်းတိုးတက်လာပါစေ၊ သင်နှင့်သင့်လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းကြားတွင် ကွန်ယက် ဆက်သွယ်ခြင်း သည် မှတ်တိုင်သဖွယ်တည်ရှိနေလိမ့်မည်။

ဤဆက်သွယ်ရေး၏အကျိုးကျေးဇူးများကို သိပြီး ကွန်ယက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ထား လျှင် ရုတ်တရက် သင်၏မြင်ကွင်းပိုကျယ်လာပါလိမ့်မယ်။မှန်ကန်သောနည်းလမ်းများဖြင့် ဆက်သွယ်ခြင်းဖြင့် ဗဟုသုတများရရှိပြီး အဆက်အသွယ်ပေါများခြင်းတို့ကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဆက်သွယ်ရေးသည် သင်၏အသက်မွေးဝမ်းကြောင်း၌ အဆင့်မြှင့်တင်ပေးမည့် အရာတစ်ခုပင် ဖြစ်တော့သည်။

The Greatest

Posted by SLIP in The Greatest

* ပညာအရှိဆုံးပုဂ္ဂိုလ်သည် ............................ ဘုရားသခင်
Greatest knowledge ............................. God

* အကောင်းမွန်ဆုံး နေ့ထူးနေ့မြတ်သည်............. ယနေ့
The best day .................................... Today

* အကြီးမားဆုံး အမှားသည် ........................... လက်လျှော့လိုက်ခြင်း
The greatest mistake ........................... Giving up

* အကောင်းဆုံးလက်ဆောင်သည် ................... ခွင့်လွှတ်ခြင်း
Best gift ............................................. Forgiveness

* အကြီးမားဆုံးသော ပျက်ဆီးမှုကို ပေးတာ ........ စိုးရိမ်ပူပန်ခြင်း
The most destructive habit ................... Worry

* အမြင့်မားဆုံး ကျေနပ်ပျော်ရွှင်မှုသည် ............. ပေးကမ်းခြင်း
The greatest joy ................................. Giving

* အဆိုးဆုံးသော ဆုံးရှုံးရခြင်း အကြောင်းအရင်းသည် ........ မျက်စိစုံမှိတ် ယုံကြည်ခြင်း
The most endangered species ........................... Dedicated leaders

* အထူးခြားဆုံးသော သဘာဝ စွမ်းပကားသည် ... ငယ်ရွယ်နုပျိုမှု
Our greatest natural resource ............... Our youth

* အကောင်းဆုံးသော အားဆေးမှာ .................. အားပေးစကား
The greatest “shot in the arm” ............. Encouragement

* ပြဿနာများကို ဖိတ်ခေါ်တဲ့ အကြီးမားဆုံး အရာမှာ ............ ကြောက်ရွံ့ခြင်း
The greatest problem to overcome ........................ Fear

* အစွမ်းထက်ဆုံး အိပ်ဆေးသည် ..................... စိတ်တည်ငြိမ်မှု
The most effective sleeping pill .............. Peace of mind

* နာကျင်မှုများကို ကျဆင်းစေသည့် ................. ခွင့်လွတ်ခြင်း
အကောင်းဆုံးနည်းလမ်းမှာ
The most crippling disease .................... Excuses

* ဘ၀တွင် ခွန်အား အကြီးမားဆုံး သည် ............ မေတ္တာတရား
The most powerful force in life ............. Love

* အဆုံးစွန်ဆုံးသော ယုံကြည်ချက်ကို ပျက်စီးစေတာ ........ အတင်း၊ အဖျင်း စကား
The most destructive pariah ............................. Gossip

* အကောင်းဆုံး ကွန်ပျူတာသည် .................... လူသားတို့၏ ဦးနောက်
The most incredible computer ............... The human brain

* မရှိလို့ မဖြစ်တဲ့အရာ .................................. မျှော်လင့်ချက်
The worst thing to be without ................ Hope

* အပြင်းထန်ဆုံးသော လက်နက် ..................... လျှာ
The deadliest weapon ........................... The tongue

* တန်ဖိုးအရှိဆုံး စကားနှစ်လုံးမှာ ..................... ငါ ကွ
The two most powerful words ................. Can do

* အထူးခြား အဖိုးတန်ဆုံးအရာမှာ .................... ယုံကြည်မှု
The greatest asset ............................... Faith

* တန်ဖိုးအမဲ့ဆုံး ခံစားမှု မိမိကိုယ်ကို .................. သနားခြင်း
The most worthless emotion ................. Self-pity

* အဆိုးရွားဆုံးသော ဆုံးရှုံးမှုသည် .................... မိမိကိုယ်ကိုယ် လေးစာမှု
The worst thing you can lose ................. Self-respect

* ကျေနပ်စရာအကောင်းဆုံး လုပ်ဆောင်မှုမှာ ....... ကူညီပေးခြင်း
The most satisfying work ....................... Helping others

* အဆိုးရွားဆုံး ကိုယ်ကျင့်တရား ....................... တစ်ကိုယ်ကောင်းဆန်ခြင်း
The ugliest personality trait .................... Selfishness

* အလှပဆုံးသော အဆောင်အယောင်မှာ ............ အပြုံး
The most beautiful attire ........................ A smile!

* အောင်ပွဲရရန် အဓိက လိုအပ်မှု ....................... ရိုးသားဖြောင့်မတ်ခြင်း
The most prized possession ..................... Integrity

* အကြီးမားဆုံးသော .................................... အတ္တမာန
ဆုံးရှုံးမှုကို ပေးသည့် အတားအဆီး
Greatest stumbling block .......................... Egotism

* ကူးစက်မှု အမြန်ဆုံးသော စိတ် ...................... စိတ်အားထက်သန်မှု
The most contagious spirit ...................... Enthusiasm

* အစွမ်းထက်ဆုံးသော ................................... မေတ္တာပို့ခြင်း
ပေါင်းသင်းဆက်ဆံရေး ကိုခိုင်မြဲစေတာ
The most powerful communication ............ Prayer

ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ.
ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။
မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို
မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို
မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို
ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊
ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ
ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း
သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။
သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ်
ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က "ဟ ကားအစုတ်ပလုပ်တွေ ဘာလို.
ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊
လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား" အဲ့သလို ဗျစ်တောက် ဗျစ်တောက်
ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက
သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမေ နပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ.
အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့်
ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ
စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး
ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း
သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ
ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ.
အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။
သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း
သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး
က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က 'ဒါဟာ
စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ' စသဖြင့်
ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို
ထိုင်ကြည့်မနေနဲ.လေ။

မိန်းကလေးတိုင်းက သူတို.ရဲ. စိတ်ကူးထဲက မင်းသားလေး တွေနဲ.
တွေ.ဖို.စိတ်ကူးယဉ်တတ်ကျတယ်။ သင်က မင်းသားလေး မဖြစ်ခဲ့ရင်တောင် အထက်ပါ
အချက်လေးတွေနဲ. ကိုက်ညီအောင် နေတတ်ရင် မင်းသားလေး နဲ.တော. စရိုက်ခြင်း
နီးစပ်နေပါပြီ။

ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ. ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။ မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း
သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။ သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ် ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က "ဟ ကားအစုတ်ပလုပ်တွေ ဘာလို. ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊ လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား" အဲ့သလို ဗျစ်တောက် ဗျစ်တောက် ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမနေပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ. အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့် ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း
သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ. အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။ သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း
သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က 'ဒါဟာ စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ' စသဖြင့် ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို ထိုင်ကြည့်မနေနဲ.လေ။

လူမှုရေး
From Myanmar Online Encyclopedia
Jump to: အညွှန်း​, ရှာဖွေရန်

ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်ဓာတ်ဟာလေးစားဖို့ကောင်းပါတယ်။ဘာသာတရားကိုင်းရှိုင်းပြီးတစ်ဘက်သားအပေါ်ကူညီတတ်တဲ့ စိတ်ဓာတ်လေးဟာအရမ်းကြည်ညိုလေးစားဖို့ ကောင်းပါတယ်။လူမှူရေးသိတတ်ပြီးရိုင်းပင်းကူညီတတ်တဲ့စိတ်ဓာတ်လေးဟာဘယ်နိုင်ငံမှာမှရှာဖွေလို့ မရပါဘူး။

* ကြီးသူကိုရိုသေ
* ငယ်သူကိုလေးစား
* ရွယ်တူကိုသနား

ဆိုတဲ့စကားနဲ့ အညီ ကိုယ့်ထက်ကြီးသောလူကြီးသူမများကိုယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံတတ်ပြီး၊ကိုယ့်ထက်ငယ်ရွယ်တဲ့သူတွေအပေါ်မှာလည်းနိုင်လိုမင်းထက်မပြုပဲ ကိုယ့်ရဲ့ ညီရင်းတစ်ယောက်လိုသဘောထားတတ်တဲ့စိတ်ဓာတ်။ကိုယ့်ရဲ့ ရွယ်တူသူငယ်ချင်းတွေကိုလည်းတပြေးညီအဆင့်အတန်းမခွဲခြားတတ်တဲ့ကျွန်တော်တို့ ရဲ့  လေးစားဖွယ်ရာကောင်းတဲ့စိတ်ဓာတ်လေးပါ။


[ပြင်ဆင်ရန်​] လူမှုရေးရာပညာ

မနုဿတ္တ ဘာဝေါ ဒုလ္လဘောဟူ၍ အလွန်တရာ ရခဲလှသော လူ၏အဖြစ်ကို ရရှိကြသည့်အခိုက် လူလောက၌ဖြစ်ပျက် ပေါ်ပေါက်လျက်ရှိသော အကြောင်းအရာများကို ကြောင်းအကျိုးဆက်ကာ သိရှိနားလည်ထားကြမှသာ လူ့ဘဝကို ရရှိကျိုးနပ်ပေမည်။ ဤသို့ လူ့လောက၏အကြောင်းကို လေ့လာဆည်းပူးခြင်းအတတ်ကို လူမှုရေးရာပညာ ဟုခေါ်သည်။

အကျဉ်းချုပ်အားဖြင့် လူမှုရေးရာပညာသည် လူလောကအဖွဲ့ အစည်းနှင့် လူလောက အဆောက်အအုံကြီးများ၏ သဘာဝနှင့် တိုးတက်ဖွံ့ ဖြိုးလာပုံကိုလေ့လာသော သိပ္ပံပညာတစ်ရပ်ဖြစ်ပေသည်။ လူမှုရေးရာ ပညာ ဟူသော ဝေါဟာရကို ပထမဦးဆုံး တီထွင်သုံးစွဲလိုက်သူမှာ ပြင်သစ်လူမျိုး ဒဿနိက ဗေဒပညာရှင်တစ်ဦးဖြစ်သော သြဂတ်ကွန့် ဖြစ်ပေသည်။ ဖရက်ဒရစ် လေပလေးဆိုသူကလည်း လူမှုရေးရာ ပညာအကြောင်းကို ရေးသားခဲ့ လေသည်။ သို့ရာတွင် လူမှုရေးပညာနှင့်စပ်လျဉ်း၍ အများဆုံး ရှင်းလင်းရေး သားခဲ့သူမှာကား ဟာဗတ်စပင်ဆာ ဆိုသူပုဂ္ဂိုလ်ကြီးဖြစ်လေသည်။

လူမှုရေးပညာကို ကျွန်ုပ်တို့ လေ့လာကြရာတွင် လူ့လောက အဆောက်အအုံကြီးသည် မည်သို့ဖြစ်ပေါ်လာသနည်း။ လူအများအစုလိုက်အဖွဲ့လိုက်နေထိုင်ကြခြင်းသည် မည်သည့်အခါကစ၍ ပေါ်ပေါက်ခဲ့သနည်း စသည်တို့ကို လေ့လာကြရပေသည်။ လူသည် ပေါင်းသင်းဆက်ဆံရေး သတ္တဝါတစ်ဦးဖြစ်သည် ဟုဆိုသည့်အတိုင်း ရှေးပဝေဏီအခါကပင် လူများသည် အချင်းချင်းစုဝေးနေထိုင် ပေါင်းသင်းဆက်ဆံခဲ့ကြ၍ ဤသို့ နေထိုင်ခြင်းပင်လျှင် လူလောကအပြင်ဘက်တွင် တစ်ကိုယ်တည်းနေခြင်းထက် ကြီးပွားတိုးတက်နိုင်ကြောင်းကို သိရှိခဲ့ကြလေသည်။

လူများ အစုလိုက် အအုပ်လိုက် နေထိုင်ခြင်း၏ မူလဘူတမှာ အိမ်ထောင်စနစ်ပင် ဖြစ်သည်။ အိမ်ထောင်တစ်ခုတွင် မိခင် ဖခင်နှင့် သားသမီးများ တစ်စုတစ်ဝေးတည်း နေထိုင်စားသောက်ကြသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်း ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းအသင်းများ တိုးတက်ပွားများ လာပြီးလျှင် အသင်းအဖွဲ့များ ပြုလုပ်နေထိုင်လာကြလေ တော့သည်။ လူဦးရေ တိုးတက်လာသည်နှင့်အမျှ ပေါင်းသင်းဆက်ဆံရေးတွင်လည်း နီးစပ်ရင်းနှီး လာပြီးလျှင် တစ်ဦးကိုတစ်ဦး အမှီသဟဲပြုသည်ထက် ပြုလာကြရလေတော့သည်။

လူမှုရေးရာပညာတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်သောင်းများစွာ ရှေးခေတ်လူများ၏ အိမ်ထေင်မှုစနစ် ပေါ်ပေါက်ခဲ့ပုံ၊ ကိုယ်ကျင့်တရားနှင့် ထုံးတမ်းစဉ်လာများ ပေါ်ပေါက်လာခဲ့ပုံ၊ တစ်စထက်တစ်စပိုမို ရှုပ်ထွေးလာသော မျက်မှောက် လူ့လောကအဆောက်အအုံကြီးတွင် ဃရာဝါသ (အိမ်ထောင်ခြင်း) ကိစ္စများ၊ ပစ္စည်းဥစ္စာ ပိုင်ဆိင်ခြင်းများ၊ အုပ်ချုပ်ရေး၊ ပညာ သင်ကြားရေး၊ အယူဝါဒ၊ စည်းရုံးလုပ်ကိုင်ရေး အစရှိသော အသွယ်သွယ် အဝဝ မြားမြောင်လှသည့် အကြောင်းကိစ္စများနှင့် မြို့ကြီးများတွင် နေထိုင် ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အမှုအခင်းဖြစ်ပွားခြင်း၊ တိုင်းတစ်ပါးသားတို့ ဝင်ရောက်နေထိုင်ခြင်း၏ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ပဋိပက္ခဖြစ်ခြင်းကြောင့်ပေါ်ပေါက်လာရသော ပြဿနာရပ်များ၏ အကြောင်းတို့လည်း လူမှုရေးရာ ပညာတွင် ပါဝင်လေသည်။

အဆိုပါ လူမှုရေးရာ စနစ်များသည် ထာဝစဉ်မပြေါင်းမလဲ အမြဲတည်ရှိနေသည် မဟုတ်သော်လည်း အသင့်အတင့် ခိုင်မြဲတည်တံ့လျက်ရှိနေပေသည်။ ဤစနစ်များမှာ ဒုက္ခအခက်အခဲကို ရှောင်နိုင်သမျှရှောင်၍ အေးချမ်းသာယာပျော်ရွှင်မှုတို့ကို ရရှိနိုင်စေရန် နှစ်ပေါင်းများစွာ အမျိုးမျိုး အဖုံဖုံရှာဖွေစမ်းသပ် ကြည့်ရှုခြင်းဖြင့်ရရှိသော စနစ်များပင်ဖြစ်သည်။ သို့ရာတွင် အသစ်အသစ် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ဆီလျော်အောင် လူမှုစံနစ်များကိုလည်း ပြုပြင်ပြောင်းလဲကြရလေသည်။ ပမာအားဖြင့် မျက်မှောက်ခေတ်တွင် ထွန်းကားသော စက်မှုလက်မှု ပညာရပ်များ နှင့် ကိုက်ညီအောင် လူမှုစနစ်နှင့် နေရေးထိုင်ရေးများကိုလည်း အကြီးအကျယ် ပြောင်းလဲပေးခဲ့ရလေသည်။

ပြောင်းလဲခြင်းမှာ ဓမ္မတာလူလောကကြီးသည် အစဉ်သဖြင့် ပြောင်းလဲလျက်ရှိသည်မှာ ဓမ္မတာပင်ဖြစ်သည်။ ယခင်ကလည်း အစဉ်အမြဲပြောင်းလဲခဲ့၍ နောင်အခါ တွင်လည် အစဉ်အမြဲ ပြေါင်းလဲနေမည်သာဖြစ်သည်။ လူမှုရေးရာပညာသည် ထိုပြောင်းလဲမှုများကို အထူးသတိပြုကာ လေ့လာလေသည်။ ပြောင်းလဲမှုတစ်ခုသည် လူလောကအား ကောင်းကျိုး ဆိုးကျိုးပေးနိုင်ပုံကို ဆင်ခြင်သုံး သပ်လေသည်။ ကောင်းကျိုးပေးသော ပြေါင်းလဲမှုကို လူမှုစနစ် တိုးတက်မှု ဟုခေါ်၍ လူမှုရေးရာ ပညာရှင်များက ပြေါင်းလဲမှုသဘောနှင့် ပြေါင်းလဲမှု ဖြစ်ပေါ်စေသော အကြောင်းတရားများကို ရှာဖွေကြလေသည်။

ရှေးပဝေဏီခေတ်ကစ၍ ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ဆင်ခြင် တုံတရားကင်းမဲ့သော ရိုးရာအလိုက် ယုံကြည်မှုများရှိလေသည်။ ကျွန်ုပ်တို့ တွင်မျှမက ကမ္ဘာတစ်ဝှန်းလုံးရှိ နိုင်ငံခြါးလူမျိုးများတွင်လည်း ဤကဲ့သို့ အလားတူ ယုံကြည်မှုများရှိသည်။ ထိုယုံကြည်မှုများမှာ အစွဲများဖြစ်လေ သည်။ လူမှုရေးရာပညာတွင် ထိုအစွဲများအကြောင်းကို ရှင်းလင်းဖော်ပြ ထားသည်ကို တွေ့ရှိရပေလိမ့်မည်။ ထို့အပြင် လူမှုရေးရာပညာကို လိုက်စား သူသည် လူများ၏ ထူးခြါးသော အမူအကျင့်များ၊ ဓလေ့ထုံးစံများကို မည် မျှပင်သေးဖွဲသော အရာဖြစ်စေကာမူ လျစ်လျူရှု၍မထားချေ။ အဘယ်ကြောင့် ဆိုသော် ထိုအရာများသည် မည်မျှပင် သေးဖွဲစေကာမူ ပေါင်းသင်းဆက်ဆံ ခြင်း၊ တစ်ဦးကိုတစ်ဦး အတုခိုးခြင်း အစရှိသည့် လူမှုရေးရာကိစ္စများတွင် များစွာအရေးပါ အရာရောက်သောကြောင့် ဖြစ်လေသည်။

ကျွန်ုပ်တို့ နေ့စဉ် လုပ်ကိုင်နေသော လုပ်ငန်းဆောင်တာများသည် လူမှုရေးရာ ပညာရပ်များတွင် အကျုံးဝင်နေသည်ဖြစ်ရာ ကျွန်ုပ်တို့အားလုံး သည် နေရင်းထိုင်ရင်း လူမှုရေးရာပညာကို လေ့လာလိုက်စားသည်နှင့် မခြါးတော့ပေ။ ဤအချက်ကို သတိပြုမိသူ များစွာမရှိလှချေ။ သို့ရာတွင် မိမိတို့ပတ်ဝန်းကျင် အခြေအနေကို သတိပြု၍ ဆင်ခြင် သုံးသပ်ကာ စနစ် တကျ လေ့လာသူများ၏ ဦးရေမှာ တစ်နေ့တခြါး များပြါးလာပေပြီ။ ကျွန်ုပ်တို့သည် လူမှုရေးရာပညာကို လေ့လာလိုက်စားရာ၌ မိမိတို့နေထိုင်သော မြို့ရွာ၏သမိုင်း၊ မြို့ရွာတွင် မှီနင်းနေထိုင်ကြသော လူများ၏ အကြောင်းအရာ၊ ထိုသူများ မည်ကဲ့သို့ အသက်မွေးမှုအတွက် လုပ်ကိုင်နေ ထိုင်ကြပုံ၊ ထိုမြို့ ရွာတွင် ဘုရားဘယ်နှစ်ဆူ၊ ဘုန်းကြီးကျောင်း ဘယ်နှစ် ကျောင်းရှိသည် အစရှိသော အကြောင်းအရာများကို အားလပ်သည့်အချိန် များတွင် စုံစမ်းလေ့လာခြင်းဖြင့် အလွန်စိတ်ပါဝင်စားဖွယ်ကောင်းသော ဝါသနာတစ်ခုကို ရရှိနိုင်မည်ဖြစ်လေသည်။

လူမှုရေးရာပညာသည် ၁၉ ရာစုနှစ် အတွင်းကစ၍ စနစ်တစ်ကျ လေ့လာလိုက်စားလာသော ပညာတစ်ရပ်ဖြစ်ခဲ့သည်။ လူများသည် တစ်ဦး နှင့်တစ်ဦး ပိုမိုရင်းနှီးစွာ ဆက်ဆံပေါင်းသင်းလေလေ လူမှုရေးရာပညာသည် ပိုမို၍ အရေးပါအရာရောက်လာလေလေ ဖြစ်တော့သည်။ လူမှုရေးရာပညာ သည် လူတို့၏ ပေါင်းသင်းဆက်ဆံရေး၏ အကျိုးနှင့်အကြောင်းများကို လေ့လာ၍ ဥပဒေပြုပုဂ္ဂိုလ်များ လမ်းညွှန်သဖွယ် လိုက်နာရမည့် အဆုံး သတ် ယူဆချက်များကို ထုတ်ဖော်ပေးလေသည်။ လန်ဒန်တက္ကသိုလ်၊ အောက်စဖို့တက္ကသိုလ် စသော အနောက်နိုင်ငံ တက္ကသိုလ်ကျောင်းကြီးများ တွင် လူမှုရေးရာပညာများကို သင်ကြားပို့ချလျက်ရှိရာ ရန်ကုန်တက္ကသိုလ် တွင်လည်း လူမှုရေးရာပညာကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားပေး နေပေပြီ။

♣ပေါင်းသင်းဆက်ဆံရေး ♣ Jul 29, '09 2:47 PM
for everyone
အားနည်းချက်မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်

*
မထိလေးစား စော်ကားစကား ပြောဆိုခြင်း၊ ဖိနှိပ် ချုပ်ချယ်ခြင်း၊ ရိုင်းပြစွာနှင့် ခက်ထန် ကြမ်းကြုတ်စွာ ပြုမူ ဆက်ဆံခြင်း တို့အတွက် ကြင်နာခြင်း ။




*
မည်သည့်အခါမှဝမ်းနည်းကြောင်း မပြောခြင်း(သို့) မရိုးမသားနှင့် ကလီကမာပြောခြင်း တို့အတွက် တောင်းပန်ခြင်း ။




*
ဝေဖန်ခြင်း၊ စောဒကတက်ခြင်း တို့အတွက် မျက်မှောက်တွင် အလုပ်ဖြင့်သက်သေပြခြင်း ။




*
ငြင်းခုံခြင်း၊ စကားဝိုင်းတွင် မရှိသူအကြောင်း မကောင်းပြောခြင်း တို့အတွက် သူတစ်ပါးအပေါ် သစ္စာ စောင့်ထိန်းခြင်း ။




*
မည်သူ့ကိုမျှ ကတိမပေးခြင်းနှင့် ကတိပေးလင့်စကား ပျက်ကွက်ခြင်း တို့အတွက် ကတိပေး၍ ကတိတည်ခြင်း ။




*
အလျင်အမြန် တုန့်ပြန်ရန်မူခြင်း၊ ရန်ငြိုးဖွဲခြင်း၊ တစ်ဖက်သား၏ အတိတ်အမှားကို ကိုင်ဆွဲ၍ အပြစ်ရှာခြင်းနှင့် နာကျည်းစိတ် မွေးမြူခြင်းအတွက် ခွင့်လွတ်ခြင်း ။




*
အလေလိုက်ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်း နှင့် အချိန်ဖြုန်းခြင်း တို့အတွက် အချိန်တိကျခြင်းနှင့် အချိန်ကို ဇယားဆွဲ၍ တန်ဖိုးရှိစွာအသုံးချခြင်း ။




*
သူတစ်ပါးကို အဆိုးမြင်ခြင်း၊ ရန်လိုခြင်း တို့အတွက် မိတ်ဆွေဖွဲ့ခြင်း ။




*
ရိုင်းပြခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ စကားများခြင်း၊ လိုအပ်သည်ထက် ပိုမိုပြောဆိုခြင်း တို့အတွက် စကား မပြောခင် စဉ်းစားခြင်း ။




*
တစ်ယောက်နှင့်တစ်ယောက် မယုံမကြည် သံသယဖြစ်ခြင်း၊ တစ်ဦးတည်းအထင်ဖြင့် ဆုံးဖြတ်ခြင်း တို့အတွက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားခြင်း ။




*
သွေးနထင်ရောက်ခြင်း၊ အောက်ခြေလွတ်ခြင်း တို့အတွက် မိမိကိုယ်ကို နှိမ့်ချခြင်း ။

ပေါင်းသင်းဆက်ဆံရေး

(၁)ပေးကမ်းစွန့် ကြဲခြင်း
(၂)ချစ်ဖွယ်သောစကားကိုဆိုခြင်း
(၃)အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း
(၄)မိမိနှင့်ထပ်တူညီမျှဆက်ဆံခြင်း
(၅)မချွတ်မယွင်းပြောဆိုပေးကမ်းခြင်းဖြင့် လည်းကောင်းပြုစုအပ်ကုန်၏။

PS..ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှကောက်နှုတ်ချက်ဖြစ်ပါသည်။